Human Resource Development

လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ခြင်း

 

နိုင်ငံတော်ဦးစားပေးလုပ်ငန်းစဉ် (၇) ရပ်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့် သင်ကြားပေးလျက်ရှိပါသည်။

အလုပ်အကိုင်ရရှိရေးအတွက်လည်း တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် ပုံမှန်သင်တန်းများ သာမက ကျွမ်းကျင်သူများ လေ့ကျင့်သင်ကြားရေးကိုလည်း တိုးမြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဝန်ထမ်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်တွင်း၊ ပြည်ပသင်တန်းများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများနှင့် စာတမ်းဖတ်ပွဲများ တက်ရောက်ရန် စေလွှတ်ပေးလျက်ရှိပါသည်။

နိုင်ငံတော် ၏လိုအပ်ချက်နှင့် ကိုက်ညီသော လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်နိုင်ရန် စက်မှုလက်မှုသိပ္ပံများ၊ နည်းပညာ အထက်တန်းကျောင်းများ၊ သက်မွေးပညာ သင်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းများအား နိုင်ငံခြား အကူအညီ အထောက်အပံ့ဖြင့် ပြန်လည် ရေးဆွဲ၍ နိုင်ငံတကာ အဆင့်မီကျောင်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်လျက် ရှိပါသည်။

ကွန်ပျူတာဘာသာရပ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဘာသာရပ်တို့နှင့် အခြေခံဘွဲ့ရရှိပြီး သူများအား IT လုပ်ငန်းခွင်များသို့ အသင့်ဝင်ရောက်နိုင်စေ​ရေးအတွက် Information and Communication Technology Training Institute (ICTTI) နှင့် India-Myanmar Centre for Enhancement of Information Technology Skills (IMCEITS) သင်တန်းများ ဖွင့်လှစ်ထားရှိပါသည်။

သုတေသီများ အရည်အသွေးမြင့်မားရေး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ သုသေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ မွမ်းမံ သင်တန်းများကို တိုးချဲ့ဆောင်ရွက်ရန်၊ နိုင်ငံတကာတက္ကသိုလ်များ၌ ဘွဲ့လွန်သင်တန်းများ၊ ကာလတို/ကာလရှည်သင်တန်းများ တက်ရောက်နိုင်ရေးအတွက် ပညာသင်များ စေလွှတ် ပေးလျက်ရှိပါသည်။

Comments are closed.