Vision /Mission

Vision/ Mission

 နည်းပညာနှင့်‌သက်မွေးပညာဦးစီးဌာန၏(၅)နှစ်စီမံကိန်း(၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် မှ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အထိ) တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက် ရေး၊အလုပ်အကိုင်အခွင့်‌အလမ်းရရှိရေးတို့အတွက် အသက်မွေးဝမ်းကျောင်း ပညာဆိုင်ရာ သင်တန်းများတိုးချဲ့ဖွင့်‌လှစ်အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းတာဝန်တို့ကို ဆက်လက် ဆောင်ရွက် ရန်ရှိသည့်အတွက် မူဝါဒ(၉)ရပ်၊ ရည်မှန်းချက်(၄)ရပ်ကို ဆောင်ရွက် မည့်အစီအစဉ်(၁၁)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

ရည်ရွယ်ချက်

(က)    နည်းပညာနှင့်သက်မွေးပညာရေး သင်တန်းများသို့ တက်ရောက်နိုင်မည့် အခွင့်အလမ်းများပိုမိုဖန်တီးပေးရန်၊

(ခ) နည်းပညာနှင့်သက်မွေးပညာရေး အရည်အသွေးပိုမိုကောင်းမွန်လာစေရန်နှင့် လုပ်သားဈေးကွက်လိုအပ်ချက် နှင့် ကိုက်ညီလာစေရန်၊

(ဂ)     နည်းပညာနှင့်သက်မွေးပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည် ပိုမို တိုးတက် ကောင်းမွန် လာစေရန်၊

ရည်မှန်းချက်

နည်းပညာနှင်‌့သက်မွေးပညာဦးစီးဌာန၏ရည်မှန်းချက်မှာ-
(က)  နိုင်ငံသားတိုင်းသက်မွေးပညာသင်ယူနိုင်မည်‌့ အခွင့်အလမ်းရရှိစေရေးတိုးမြှင့်ဆောင်ရွက်ရန်။
(ခ) နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့်တစ်ဦးချင်းဝင်ငွေမြင့်မာရေးကို သက်မွေးပညာ ဖြင့်အထောက်အကူ ပြုရန် ဖြစ် ပါသည်။
(ဂ)  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးစေရေး အတွက် လိုအပ်သော နည်းပညာ နှင်‌့သက်မွေးပညာရပ် အတတ်ပညာရှင်များနှင်‌့ အသိပညာရှင်များကို မွေးထုတ်သွားရန်။
(ဃ)  နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင်‌့ သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်း ဖြင့်သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင်‌့နည်းပညာနှင့်သက်မွေးပညာ စီမံခန့်ခွဲရေး ဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေး မြင့်မား လာစေရန်။
(င) တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်သော နည်းပညာနှင့်သက်မွေးပညာသင်တန်းများကို လိုအပ်သလို တိုးချဲ့ သင်ကြားပေးရန်။
(စ) နိုင်ငံတော်ကို ချစ်မြတ်နိုးသည့် အသိစိတ်ဓာတ်နှင်‌့ ခံယူချက်များပြည့်ဝသော အတတ် ပညာနှင့် ကျွမ်းကျင်သူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရန်။

နည်းပညာနှင့်‌သက်မွေးပညာဦးစီးဌာန၏ ၂၀၁၆-၂၀၂၀ ကာလတို(၅)နှစ် အတွင်းဆောင်ရွက်မည့်‌ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ နှင့် လုပ်ဆောင်မည့်နည်းလမ်းများ

(က)    မျှော်မှန်းချက်များ

(ကက) နိုင်ငံသားတိုင်းသက်မွေးပညာသင်ယူနိုင်သည့် အခွင့်အလမ်းရရှိ အောင်တိုးမြှင့်‌ဆောင်ရွက် ပေးနိုင်ရန်၊

(ခခ)   အလုပ်အကိုင်ရရှိမှုနှင့်တစ်ဦးချင်းဝင်ငွေမြှင့်မားရေး အထောက်အကူ ပြုရန်။

(ခ)    ရည်မှန်းချက်များ

(ကက)  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးစေရေး အတွက်လိုအပ်သော နည်းပညာ နှင့်သက်မွေး ပညာရပ်အတတ်ပညာရှင်များနှင့် အသိပညာရှင်များကို မွေးထုတ် သွားရန်။

(ခခ)   နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့်‌ သတင်းအချက်အလက်နှင့်‌ ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့်‌ နည်းပညာ နှင့်သက်မွေးပညာ စီမံခန့်ခွဲ ရေးဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေးမြင့်မားလာစေရန်။

(ဂဂ)   တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော နည်းပညာနှင့် သက်မွေးပညာသင်တန်းများကို လိုအပ်သလို တိုးချဲ့သင်ကြား ပေးရန်။

(ဃဃ) နိုင်ငံတော်ကိုချစ်မြတ်နိုးသည့် အသိစိတ်ဓာတ်နှင့် ခံယူချက်များ ပြည့်ဝသော အတတ်ပညာနှင့် ကျွမ်းကျင်သူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရန်။

(ဂ)မူ၀ါဒများ

(ကက) နိုင်ငံသားတိုင်း သက်မွေးပညာသင်ယူခွင့် ရရှိစေရေး။

(ခခ)   ဒေသလိုအပ်ချက်ဖြစ်သည့် သက်မွေးပညာရပ်နယ်ပယ်များကို တစ်နေရာတည်းတွင် စုစည်းသင်ကြားပေးရေး။

(ဂဂ)   ပုဂ္ဂလိက ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး။

(ဃဃ) နိုင်ငံတကာ စံချိန်မီ ပညာရပ်ဝန်းကျင်ကောင်းများ ဖြစ်စေရေး။

(ငင)   ဘဝတစ်လျောက် အစဉ်သင်ယူခွင့် ရှိစေရေး။

(စစ)   အရည်အသွေးအာမခံချက် ရှိစေရေး။

(ဆဆ) အစိုးရ၊ ပုဂ္ဂလိက၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို သီးခြားဖြစ်စေ၊ ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်ဖွင့်လှစ်ခွင့်ပြုရေး။

(ဇဇ) နည်းပညာနှင့် သက်မွေးပညာရေးသည် အခြားပညာရေးစနစ်၊ အမျိုးအစား အားလုံးနှင့် အပြန်အလှန် ဆက်သွယ်ကူးပြောင်း သင်ယူနိုင်သည့် အစီအစဉ်ထားရှိရေး။

(ဈဈ)  လုပ်သားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး။

နည်းပညာနှင့် သက်မွေးပညာရေး ကဏ္ဍအားပိုမိုသိ​ရှိနိုင်ရန်အောက်​ပါ ​လင့်​သို့​သွား​ရောက်​လေ့​လာ​နိုင်​ပါ​သည်။
tvetmyanmar.org

Comments are closed.