Background History

နောက်ခံသမိုင်းအကျဉ်း

၁၈၉၅ခုမှစ၍ အင်းစိန်စက်မှုလက်မှုသိပ္ပံတွင် အင်ဂျင်နီယာအတတ်ပညာသင်ကျောင်းအဖြစ် စတင် ဖွင့်လှစ်ခဲ့ပြီး စက်မှုနှင့် သက်မွေးပညာကဏ္ဍအား ဒုတိယကမ္ဘာစစ်ကာလအထိ ထိုသင်တန်းကျောင်း တစ်ခုတည်းဖြင့်သာ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီး အင်းစိန်မြို့ အင်ဂျင်နီယာ အတတ် ပညာသင်ကျောင်းအား သိပ္ပံအဆင့်ပြင်ဆင်ဖွဲ့စည်းပြီး စက်မှုလက်မှုအထက်တန်းကျောင်း(၂) ကျောင်း (နတ်မောက်/ဘောင်ဒရီ)ကျောင်းများ ဖွင်‌့လှစ်ခဲ့ပါသည်။ ထိုစဉ်အခါ  ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် စက်မှုပညာရေးညွှန်ကြားရေးမှူးရုံးကိုဖွဲ့စည်း၍ စီမံခန့်ခွဲအုပ်ချုပ်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် စက်မှုစိုက်ပျိုးနှင့်သက်မွေးပညာဥပဒေကို ပြ|ာန်းခဲ့ပြီး ယင်းဥပဒေနှင့်အညီ ထိုစဉ်က ပညာရေးဝန်ကြီး ဌာနအောက်တွင် စက်မှုစိုက်ပျိုးနှင့်သက်မွေးပညာဦးစီးဌာနကို ထူထောင်ခဲ့ပြီး အဆိုပါ ဦးစီးဌာနတွင် (က)စက်မှုပညာရေးဌာန၊ (ခ)စိုက်ပျိုးရေး နှင့် မွေးမြူရေးပညာဌာန၊ (ဂ)သက်မွေးပညာ ဌာနဟု ဖွဲ့စည်းခဲ့ပြီး ၎င်းဌာန တစ်ခုစီတွင် ညွှန်ကြားရေးမှူး (၁)ဦးစီဦးဆောင်၍ လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

         နိုင်ငံတော်၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အား နိုင်ငံတော်အစိုးရ မှ ၁၉၉၆ ခုနှစ်တွင် သီးခြား ဝန်ကြီး ဌာန အဖြစ် စတင်ဖွဲ့စည်းခဲ့သည့် အချိန်တွင် ပညာရေးဝန်ကြီးဌာနမှ စက်မှုလက်မှုသိပ္ပံများ၊ စက်မှုအထက်တန်း ကျောင်းများအား လွှဲပြောင်းလက်ခံ၍ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက် တွင် စက်မှုနှင့် သက်မွေးပညာဦးစီးဌာန အဖြစ် ဖွဲ့စည်းခဲ့ပါသည်။

        ၁.၄.၂၀၁၅ရက်နေ့မှစ၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်တွင်ရှိသော စက်မှုနှင့်သက်မွေး ပညာဦးစီးဌာနအား နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနဟု အမည်ပြောင်း၊ ဖွဲ့စည်းပုံပြောင်း၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

Comments are closed.