Foreign Collaboration

​စင်​ကာ​ပူ-​မြန်​မာ​သက်​မွေး​ပ​ညာ​သင်​တန်း​ကျောင်း(SMVTI)

၁။ ​တည်​နေ​ရာ​နှင့်​အ​ကျယ်​အ​ဝန်း

​တည်​နေ​ရာ ​အ​မှတ်(၁၂၃)၊ ​နတ်​မောက်​လမ်း၊ ​ကန်​တော်​ကြီး ​ဗိုလ်​ချုပ်​ကြေး​ရုပ် ​ရှေ့၊ ​ဗ​ဟန်း​မြို့​နယ်၊ ​ရန်​ကုန်​မြို့။
​အ​ကျယ်​အ​ဝန်း (၉.၃၉​ဧ​က)

၂။ ​ဖွင့်​လှစ်​သင်​ကြား​လျက်​ရှိ​သော​သင်​တန်း​များ

(၁) Course of Hospitality and Tourism
(​က) Front Office Operations
(​ခ) Housekeeping Operations
(​ဂ) Restaurant Operations
(​ဃ) Retail Operations

(၂) Course of Engineering
(​က) Electronics (Computer Networking)
(​ခ) Electrical Technology (Electrical Appliances and Special Installations)
(​ဂ) Residential Air Conditioning
(​ဃ) Building Fixtures and Equipments
(​င) General Welding
(​စ) Mechatronics (Basic Services)

၃။ ​သင်​တန်း​အ​လိုက် ​ကျောင်း​သား​စာ​ရင်း

​စဉ်    ​သင်​တန်း​နှစ်                  ​ဘာ​သာ​ရပ်                                  ​ကျောင်း​သား​ဦး​ရေ
​က    ​ပ​ထ​မ၊ ​ခြောက်​လ​ပတ်    Front Office Operations             ၄၀​ဦး
Housekeeping Operations        ၄၀​ဦး
Restaurant Operations              ၄၀​ဦး
Retail Operations                        ၃၇​ဦး
​ခ    ​ပ​ထ​မ၊ ​ခြောက်​လ​ပတ်    Electronics (Computer Networking)    ၃၇​ဦး
Electrical Technology (Electrical Appliances and Special Installations)    ၃၉​ဦး
Residential Air Conditioning    ၄၀​ဦး
Building Fixtures and Equipments    ၃၅​ဦး
General Welding    ၃၉​ဦး
Mechatronics (Basic Services)    ၃၇​ဦး
​ဆက်​သွယ်​ရန်
​ဒု​တိ​ယ​ကျောင်း​အုပ်​ကြီး
Phone:09452023851
​စီ​မံ​ရေး​ရာ
Phone:09781002571
Email Address:smvti.finance@gmail.com, myothida@gmail.com

 နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ချက်များ

(၁) စင်ကာပူသမ္မတနိုင်ငံနှင့် ပူးပေါင်း၍ Singapore Myanmar Vocational Training Institute (SMVTI) တည်ထောင်ရေးအတွက်် ဆောင်ရွက်ခြင်း

              နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနအနေဖြင့် စင်ကာပူသမ္မတနိုင်ငံမှ ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ နည်းပညာနှင့် သက်မွေး ပညာ ဦးစီးဌာန (တောင်ပိုင်းရုံးခွဲ)နေရာ၌ Singapore-Myanmar Vocational Training Institute (SMVTI) တည်ထောင် နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာအား (၇-၄-၂၀၁၄) ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခုအခါ ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ သင်တန်းများ၊ အင်ဂျင်နီယာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

1              2

(၂) ဂျပန်နိုင်ငံ၊ NPO Institute for Environmental Technology Promotion in Asia နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ Japan Myanmar Vocational Training Institute (JMVTI) တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း

     ဂျပန်နိုင်ငံ၊ NPO Institute for Environmental Technology Promotion in Asia နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ Japan Myanmar Vocational Training Institute တည်ထောင် နိုင်ရေးအတွက် (၂၃-၆-၂၀၁၄)ရက် နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန်မြို့ရှိ စက်မှုလက်မှု အထက်တန်း ကျောင်း (အောင်ဆန်း)တွင် ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ Training Institute အား ရန်ကုန်မြို့ရှိ စက်မှုလက်မှု အထက်တန်းကျောင်း(အောင်ဆန်း) တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ Training Institute တွင် ပထမဦးစွာ Auto Mechanic သင်တန်းအား ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆက်လက်၍ Metal and Mechinery Processing, Process Control, Electric Work, CAD & CAM သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တွင် ဂျပန်အစိုးရ၏ Official Development Assistance (ODA) ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

3              4

(၃) ဂျပန်နိုင်ငံ၊ Kake Educational Institution နှင့်ပူးပေါင်း၍ Technical High School တည်ထောင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခြင်း

      ဂျပန်နိုင်ငံ Kake Educational Institution နှင့် ပူးပေါင်း၍ Technical High School တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် (၁၄-၁၀-၂၀၁၅) ရက်နေ့တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အဆိုပါကျောင်း စတင်ဖွင့်လှစ် နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

(၄) ထိုင်းအသက်မွေးဝမ်းကျောင်းပညာရေးကော်မရှင် (OVEC)၊ Agency for Technical Cooperation and Development(ACTED)တို့နှင့် ပူးပေါင်း၍ အစိုးရနည်းပညာအထက်တန်းကျောင်း (လွိုင်ကော်)တွင် ကာလတို သင်တန်းများ ဖွင့်လှစ်ရေး ဆောင်ရွက်ခြင်း

            နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနနှင့် ထိုင်းအသက်မွေးဝမ်းကျောင်းပညာရေး ကော်မရှင် (OVEC) နှင့် Agency for Technical Cooperation and Development (ACTED) တို့အကြား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် Framework of Cooperation အား (၂၂-၅-၂၀၁၄)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ နည်းပညာနှင့်သက်မွေး ပညာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (လွိုင်ကော်)တွင် ဒေသ လိုအပ်ချက်နှင့်အညီ ကာလတိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (လွိုင်ကော်)မှ ဆရာ၊ ဆရာမ (၁၂)ဦးသည် ထိုင်းနိုင်ငံ တွင် ဖွင့်လှစ်ပို့ချမည့် ဆရာဖြစ်သင်တန်း (TOT)သို့ တက် ရောက်ရန် စေလွှတ်နိုင်ခဲ့ပြီး ကာလတို သက်မွေးပညာသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ ပါသည်။

5             6

(၅) ထိုင်းအသက်မွေးဝမ်းကျောင်းပညာရေးကော်မရှင် (OVEC)၊ Adventist Development and Relief Agency (ADRA)တို့နှင့် ပူးပေါင်း၍ အစိုးရ နည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင် ကာလတို သင်တန်းများဖွင့်လှစ်ရေး ဆောင်ရွက်ခြင်း

          နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနနှင့် ထိုင်းအသက်မွေးဝမ်းကျောင်းပညာရေး ကော်မရှင် (OVEC) နှင့် Adventist Development and Relief Agency (ADRA) တို့အကြား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် Framework of Cooperation အား (၂၂-၅-၂၀၁၄) ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ OVEC အစီအစဉ်ဖြင့် ADRA မှ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)မှ ဆရာ ၊ ဆရာမ (၆)ဦး တို့အား ထိုင်းနိုင်ငံ၊ မဲဆောက်ကောလိပ်သို့ (TOT)သင်တန်း သို့ တက် ရောက်ရန် စေလွှတ်နိုင်ခဲ့ပြီး ကာလတိုသက်မွေးပညာသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

(၆) Moattama Gas Transportations Company Limited (Yadana Project) နှင့် နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ Welding Training Center ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်ခြင်း

    Moattama Gas Transportations Company Limited (Yadana Project)နှင့် နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အတတ်ပညာလေ့ကျင့်ရေး သင်တန်းကျောင်း(အောင်ဆန်း)တွင် Welding သင်တန်းဖွင့်လှစ်နိုင်ရန် (၁၂-၅-၂၀၁၅) ရက်နေ့တွင် Record of Discussion (RoD) ရေးထိုး၍ ဆက်လက်ညှိနှိုင်းဆောင်ရွက် လျက်ရှိပါသည်။ Welding Training Center တည်ထောင်နိုင်ရေးအတွက် ပထမ အဆင့်အနေဖြင့် ဆရာ (၁၂)ဦးအား (၅)လကြာ ဦးစွာသင်တန်းပို့ချခဲ့ပြီး ၂၀၁၆ခုနှစ် အတွင်း Welding ကာလတိုသင်တန်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက် ရှိပါ သည်။

7                   8

(၇) Korea International Cooperation Agency (KOICA) နှင့် ပူးပေါင်းဆောင်ရွက်၍ Technical Teachers Training Institute(TTTI) တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း

         နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနအနေဖြင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်း၍ TVET Teachers Training Institute (TTTI) တည်ထောင်ရန်အတွက် အဆိုပြုလွှာများ ပေးပို့ထားခဲ့ပါသည်။ အဆိုပါ TTTI တည်ထောင်နိုင်ရေးအတွက် ညှိနှိုင်းမှုများပြုလုပ်၍ (၁-၉-၂၀၁၅) ရက် နေ့တွင် နည်းပညာနှင့်သက်မွေးပညာ ဦးစီးဌာနအနေဖြင့် KOICA နှင့် လက်မှတ် ရေးထိုးခဲ့ပါသည်။

9           10

(၈) မလေးရှားနိုင်ငံနှင့် နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ Malaysia-Myanmar Institute for Vocational Training (MMIVT) တည်ထောင်နိုင်ရေး ဆောင်ရွက်ခြင်း

            Malaysia-Myanmar Institute for Vocational Training (MMIVT) တည်ထောင်နိုင်ရေးအတွက် Embassy of Malaysia မှ Second Secretary (Political) ဖြစ်သူ Mr. Mohammad Al Hafiz Bin Mohd Nadzir ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် (၂၄-၃-၂၀၁၅)ရက်နေ့တွင် နည်းပညာနှင့်သက်မွေး ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မလေးရှားနိုင်ငံရှိ VIVA GLOBAL EDUCATION နှင့် TOC Automotive Collegeမှ တာဝန်ရှိသူများ တက်ရောက်‌ ဆွေးနွေးခဲ့ပါသည်။ MMIVT Project တည်ထောင်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ(MoU) ရေးထိုးနိုင်ရန် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ခဲ့ပါသည်။

(၉) Asia Development Bank(ADB) နှင့် ပူးပေါင်းဆောင်ရွက်မှုများ

           နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၄ ခုနှစ်မှ စတင်၍ Pilot Project အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် Skills Development for Inclusive Growth Technical Assistance စီမံကိန်းအတွက် ADB မှ ထောက်ပံ့ငွေ (Grant)အဖြစ် အမေရိကန်ဒေါ်လာ (၂)သန်း ပေးအပ်မည်ဖြစ်ရာ အဆိုပါစီမံကိန်း တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ Executing Agency နှင့် Implementing Agency အဖြစ် ဆောင်ရွက်၍ စက်မှုဝန်ကြီးဌာနမှ Implementing Agency အဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည်။ အဆိုပါ Skills Development for Inclusive Growth Project အား စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Technical Assistance Committee ဖွဲ့စည်းခြင်း၊ International Consultants နှင့် National Consultants များ ရွေးချယ်ပြီး ဆရာ၊ ဆရာမများအား Train-the-Trainers သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ နည်းပညာနှင့်သက်မွေး ပညာဦးစီးဌာနအနေဖြင့် ADB နှင့် ပူးပေါင်း၍ Competency Modular Short Term Course အတွက် Bricklaying Courses, Bar Bending Courses, Concrete Form Work/Shuttering Courses, Road Construction (dirt road, culverts Courses) များ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ADB နှင့် ပူးပေါင်း၍ Preparing Youth for the Workplace Program အတွက်လည်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စီမံကိန်းသည် Secondary Education နှင့် နည်းပညာနှင့်သက်မွေးပညာရေး ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ Secondary Education ၏ အရည်အသွေးတိုးမြှင့်နိုင်ရေး၊ ကျွမ်းကျင်မှုအခြေပြု ကာလတို သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက် လျက်ရှိပါသည်။ စီမံကိန်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ADB အနေဖြင့် Project Preparatory Technical Assistant အတွက် ဒေါ်လာ (၁) သန်းခန့်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

11         12

(၁၀) German Government – owned Development Bank ဖြစ်သော KfW နှင့် GIZ ပူးပေါင်းဆောင်ရွက်မှုများ

(က) Trilateral Cooperation

      နည်းပညာနှင့် သက်မွေးပညာကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် GIZ တို့ ပူးပေါင်း၍ Trilateral Cooperation အတွက် ROD အား အင်ဒိုနီးရှားနိုင်ငံတွင်၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ (၂၉-၈-၂၀၁၂) ခုနှစ်တွင် လက်မှတ်ရေး ထိုးခဲ့ပါသည်။ မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် GIZ တို့နှင့်ပူးပေါင်း၍ Trilateral Cooperation နည်းပညာနှင့်သက်မွေး ပညာကဏ္ဍရှိ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှ စတင်၍ သုံးနှစ်အတွင်း နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနမှ (၅၁) ဦး၊ စက်မှုဝန်ကြီးဌာနမှ (၃၅)ဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနတို့မှ (၄၄) ဦး၊ ပုဂ္ဂလိကကဏ္ဍမှ (၁၉) ဦး၊ စုစုပေါင်း ဆရာ၊ ဆရာမ(၁၄၉)ဦး အား အင်ဒိုနီးရှားနိုင်ငံသို့စေလွှတ်၍ နည်းပညာ ကျွမ်းကျင်မှုသင်တန်းများ စေလွှတ်တက်ရောက်စေခဲ့ပါသည်။ ထို့အပြင် အင်ဒို နီးရှားနိုင်ငံမှ ဆရာ၊ ဆရာမများ မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့သော ဆရာ၊ ဆရာမများ ပူပေါင်း ၍ အခြားနည်းပညာနှင့်သက်မွေးပညာ ဆရာ၊ ဆရာမများအား Coaching Program အနေဖြင့် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချခြင်းများလည်း ဆောင်ရွက်ခဲ့ပါသည်။

13          14

(ခ) ဂျာမနီနိုင်ငံတွင် International Leadership Training သင်တန်းဖွင့်လှစ်ခြင်း

   ဂျာမနီနိုင်ငံတွင် နည်းပညာနှင့်သက်မွေးပညာကဏ္ဍတွင် တာဝန်ထမ်းဆောင် နေသူများ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် နည်းပညာနှင့်သက်မွေး ပညာရေးနှင့် သက်ဆိုင်သောဝန်ကြီးဌာနများမှ သင်တန်းသား(၁၅)ဦးအား International Leadership Training အဖြစ် ၂၀၁၅ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး နည်းပညာနှင့်သက်မွေး ပညာဦးစီးဌာနမှ(၇) ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

(ဂ) Training in Teaching and Learning Methods သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခြင်း

        GIZနှင့် ပူးပေါင်း၍ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန ဆရာ၊ ဆရာမများ သင်ကြားမှု၊ သင်ယူမှုဆိုင်ရာ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် Training in Teaching and Learning Methods သင်တန်းများဖွင့်လှစ်နိုင်ရေး ၂၀၁၅ ခုနှစ်၊ မတ်လမှ စတင်ညှိနှိုင်းခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း သင်တန်းစတင်ဖွင့်လှစ် နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (၁၀)ကျောင်းမှ ဆရာ၊ ဆရာမများဖြင့် စတင်ဆောင်ရွက် ပြီး ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချနိုင်သည်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆင့်ပွားသင်တန်း များပို့ချရာတွင်လည်း ဂျာမနီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များမှ ဆက်လက်ကူညီဆောင်ရွက် ပေးမည် ဖြစ်ပါသည်။

(ဃ) School Management သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခြင်း

       GIZ နှင့်ပူးပေါင်း၍ နည်းပညာနှင့်သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် စီမံအုပ်ချုပ်သူများ အရည်သွေးမြှင့်တင်နိုင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်နိုင်ရေးတို့အတွက် School Management Training ပို့ချနိုင်ရေးအား ၂၀၁၅ ခုနှစ်၊ မတ်လမှ စတင်ညှိနှိုင်းဆောင်ရွက် လျက်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း သင်တန်း စတင်ပို့ချနိုင်ရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါသည်။ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနအောက်ရှိ အစိုးရစက်မှု လက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၊ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ် ကြီးများနှင့်စီမံ အုပ်ချုပ်သူများအား သင်တန်းများပို့ချဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

(င) TVET Reform Program ဆောင်ရွက်ခြင်း

       TVET Reform Program အနေဖြင့် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)တွင် Teacher Training Institute တည်ထောင်နိုင်ရေး၊ အစိုးရ နည်းပညာအထက်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (၈)ကျောင်းတို့ အဆင့်မြှင့်တင်နိုင်ရေး GIZ မှ နည်းပညာအကူအညီ၊ KfW Bank နှင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ညှိနှိုင်းခဲ့ပြီး ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အတွင်း စတင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

(စ) Integrated Polytechnic Institute တည်ထောင်နိုင်ရေးဆောင်ရွက်ခြင်း

      မြန်မာနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်၍ Dural Cooperative Training စတင်နိုင်ရန် Integrated Polytechnic Institute အား စတင်တည်ထောင်နိုင်ရေးအတွက် GIZ မှ နည်းပညာအကူအညီ၊ KfW Bank တို့မှ ဘဏ္ဍာရေးအကူအညီဖြင့် ဆောင်ရွက်ရန် ၂၀၁၅ ခုနှစ်၊ မတ်လမှ စတင် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ Integrated Polytechnic Institute တည်ထောင်နိုင်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ တို့သို့ KfW မှ တာဝန်ပေးအပ်သော Expert Team မှ သွားရောက်၍ Feasibility Study ဆောင်ရွက်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း အပြီးသတ် အစီရင်ခံစာတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

(၁၁) ဘရူနိုင်းနိုင်ငံ၊ SEAMEO VOCTECH နှင့် ပူးပေါင်း၍ ဆရာ၊ ဆရာမများနှင့် စီမံအုပ်ချုပ်သူများအတွက် ကာလတိုသင်တန်းများ ဆောင်ရွက်ခြင်း

     သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ဘရူနိုင်းနိုင်ငံတွင် ရုံးစိုက်လျက်ရှိသော SEAMEO VOCTECH နှင့် အလုပ်ရုံဆွေးနွေးပွဲများ၊ ပြည်တွင်းပြည်ပ သင်ကြားရေး အစီအစဉ် များအား ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (၁၆-၂-၂၀၁၅) ရက်နေ့မှ (၂၀-၂-၂၀၁၅) ရက်နေ့အထိ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာန(တောင်ပိုင်းရုံးခွဲ)၌ ကျင်းပ ပြုလုပ်သည့် Applying Learner- Centre Teaching-learning Methodologies သင်တန်းသို့ ဆရာ၊ ဆရာမ(၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ဘရူးနိုင်းနိုင်ငံတွင် ဖွင့်လှစ်လျက်ရှိသည့် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ဆရာ၊ ဆရာများ၊ စီမံ အုပ်ချုပ်သူများအတွက် ဖွင့်လှစ်သောသင်တန်းများအတွက် သင်တန်း (၁)ခုလျင် (၁)ဦးနှုန်း ဖိတ်ကြားလာပြီး စုစုပေါင်း (၂၃) ဦးခန့် တက်ရောက်စေခဲ့ပြီးဖြစ်ပါသည်။

(၁၂) ဖိလစ်ပိုင်သမ္မတနိုင်ငံ Colombo Plan Staff College (CPSC) ပူးပေါင်း ဆောင်ရွက်မှုများ

           သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် ရုံးစိုက်လျက်ရှိသော Colombo Plan Staff College for Technicial Education (CPSC)နှင့် ၁၉၇၅ ခုနှစ်မှစ၍ နှစ်စဉ်ညီလာခံများနှင့် အလုပ်ရုံဆွေးနွေးပွဲများ၊ ပြည်တွင်း ပြည်ပ သင်ကြားရေးအစီအစဉ်များအား ဆောင်ရွက်လျက်ရှိရာ အပတ်စဉ်(၁)သင်တန်းအား In-Country Program On Accreditation and Certification of TVET ခေါင်းစဉ်ဖြင့် (၂၁-၈-၂၀၀၆)ရက်နေ့မှ (၁-၉-၂၀၀၆)ရက်နေ့အထိ အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)တွင်လည်းကောင်း၊ အပတ်စဉ်(၂)သင်တန်းအား In-Country Program On Project Management for TVET Institutions ခေါင်းစဉ်ဖြင့် (၃၁-၁၂-၂၀၀၇) ရက်နေ့မှ (၁၁-၁-၂၀၀၈)ရက်နေ့အထိ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာန(ရုံးခွဲ)၊ ရန်ကုန်တွင်လည်းကောင်း၊ အပတ်စဉ်(၃)သင်တန်းအား Curriculum Development Program for Technical Education ခေါင်းစဉ်ဖြင့် (၇-၅-၂၀၁၂) ရက်နေ့မှ (၁၀-၅-၂၀၀၈) ရက်နေ့အထိ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနတွင် လည်းကောင်း၊ အပတ်စဉ်(၄)သင်တန်းအား Strategic Planning of TVET Institution in Myanmar ခေါင်းစဉ်ဖြင့် (၁၂-၁-၂၀၁၆)ရက်နေ့မှ (၁၆-၁-၂၀၁၅) ရက်နေ့အထိ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာန(ရုံးခွဲ)ရန်ကုန်တွင်လည်းကောင်း ပြည်တွင်းသင်ကြားရေး အစီအစဉ် (၄)ခုအား CPSC ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချခဲ့ရာ ဆရာ၊ ဆရာမ စုစုပေါင်း(၁၂၀)ဦး လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ ပါသည်။

(၁၃) East Asia Summit (EAS) TVET Provider Network နှင့် ပူးပေါင်း ဆောင်ရွက်မှုများ

    East Asia Summit (EAS) TVET Provider Network သည် နည်းပညာနှင့် သက်မွေး ပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား အတွေ့အကြုံ များ၊ ဗဟုသုတများ၊ အကြံဉာဏ်များ ဖလှယ်ခြင်း၊ စွမ်းဆောင်ရည်များ တိုးမြင့်စေရန် ဆောင်ရွက်ခြင်း၊ အလှူရှင်အဖွဲ့အစည်းများအတွက် အကြံဉာဏ်နှင့် လမ်းညွှန်မှုများ ပေးနိုင်ရန် ဆောင်ရွက်ခြင်းတို့အတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းတွင် သြစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ကိုရီးယား၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အမေရိကန်၊ ဗီယက်နမ်စသည့် နိုင်ငံပေါင်း(၁၈)နိုင်ငံ ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်ပါသည်။ အဆိုပါ TVET Provider Network စီမံကိန်း၏ ပထမအဆင့်အား သြစတြေးလျနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ဒုတိယအဆင့်အား ကိုးရီးယားသမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်။ East Asia Summit (EAS) TVET Provider Network Annual Conference နှင့် Inaugual Meeting အား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌လည်းကောင်း၊ East Asia Summit (EAS) 2nd TVET Provider Network Conference အား ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ မလေးရှားနိုင်ငံ၊ Putrajaya မြို့၌ လည်းကောင်း ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးများသို့ နည်းပညာနှင့်သက်မွေး ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ Australian Government Department of Education and Training မှ Andrea Bateman မှ EAS TVET Quality Assurance Framework အား diagnostic tool အဖြစ် အသုံးပြု၍ မြန်မာနိုင်ငံတွင် ခိုင်မာသော National TVET system တစ်ခုကို တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ လိုအပ်ချက်များ၊ ဖွံ့ဖြိုးတိုးတက်မှု နည်းလမ်းများကို ကူညီပေးနိုင်ရန်အတွက် TVET ကဏ္ဍနှင့်စပ်လျဉ်း၍ self-assessment များ၊ action plan များ ရေးဆွဲနိုင်ရန် In-country Consultation Workshop အား မြန်မာနိုင်ငံ၌ ဇူလိုင်လ (၆)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပခဲ့ ပါသည်။

Comments are closed.