ADB( အာရှဖွံ့ဖြိုးရေးဘဏ်) နဲ့ ပူးပေါင်း ဖွင့် လှစ် တဲ့ ကျွမ်းကျင်မှုအခြေပြုကာလတိုနည်းပညာနှင်‌့သက်မွေးပညာသင်တန်းများ ဖွင့်ပွဲအခမ်းအနား



????????????????????????????????????

မေ12၊ 2016
ပညာရေးပညာဝန်ကြီးဌာန၊ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ ပူးပေါင်း၍ ကျွမ်းကျင်မှုအခြေပြုကာလတိုနည်းပညာနှင့်သက်မွေးပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို 2016 ခုနှစ်၊ မေလ (12) ရက်နေ့ နံနက် (8:00) နာရီတွင် နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ပြောကြားရာတွင် နည်းပညာနှင့်သက်မွေးပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကျွမ်းကျင်ပြီး အရည်အသွေးပြည့်ဝသည့် လုပ်သားအင်အားတစ်ရပ် စဉ်ဆက်မပြတ်ပေါ်ထွန်းလာရေးသည် နိုင်ငံ၏ လူမှု၊ စီးပွားရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအရေးကြီးပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် တွေ့ကြုံရသည့် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ ဒေသအလိုက် ကျွမ်းကျင်သည့် လုပ်သားအင်အား လိုအပ်ချက်ပင်ဖြစ်ပါကြောင်း၊ အဆိုပါလိုအပ်ချက်ကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့်အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ပူးပေါင်းပြီးကျွမ်းကျင်မှုဆိုင်ရာ ကာလတိုသင်တန်းများကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကာ